Pages

Pages

၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

 







MNP ၊    ဇန်နဝါရီ ၄

    တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့၌

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲအခမ်းအနားနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ကျင်းပပြုလုပ်သည်။

      အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်ရဲဘော်အပေါင်းအား အလေးပြုကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၊နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကဖတ်ကြားသည်။

        ထို့နောက် ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ မူလတန်း၊အလယ်တန်းနှင့်အထက်တန်း အဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။

       အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထဋ်လွင် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် အဖွဲ့ဝင်များ၊ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊လူမှုရေး အသင်းအဖွဲ့ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ဆရာ ဆရာမများနှင့် ကျောင်းသား ၊ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

 https://t.me/MyanmarNationalPost                                        

No comments:

Post a Comment