Pages

Pages

ဂွမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားပြုလုပ်

 




MNP ၊  ဇန်နဝါရီ  ၄ 

ရခိုင်ပြည်နယ်၊ သံခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်သည့်  (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခမ်းအနားကို ယနေ့၊ နံနက် ၄ နာရီ၊ မိနစ် ၂၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း အလံတိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

  နံနက်(၄)နာရီ မိနစ်(၂၀)အချိန်ကျရောက်သည်နှင့်တစ်ပြိုင်နက် ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အခမ်းအနားသို့ တက်ရောက်လာ ကြသည့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment