Pages

Pages

တာချီလိတ်မြို့တွင် MNDAA အကြမ်းဖက်အဖွဲ့၏ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




MNP ၊ ဇန်နဝါရီ ၂၄

၂၀၂၄ ခုနှစ် ဇန် ၂၃ ရက် နေ့ ၁၆ ၃၀ နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များသည် သတင်းအရ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဝမ်ဟောင်နယ်မြေ၊ အိမ်အမှတ် (၈၁) နေ စိုင်းဆွေဆိုင်း(ဘ) ဦးဆု အသက် ၅၁ နှစ်၊ ရှမ်း/ဗုဒ္ဓ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းရှိ အဝတ်ဘီဒိုအောက်ဆုံးထပ်အတွင်းနှင့် PRADO အမျိုးအစား (လိုင်စင်မဲ့)ယာဉ် ခဲရောင်အတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် -

(၁) WY စိတ်ကြွဆေးပြား သိန်း ၂၀ ပြား၊ ကာလတန်ဖိုး မြန်မာငွေ ကျပ်သိန်း (၈၀၀၀) ခန့်

(၂) အိုက်စ် ၂၃ ကီလို ၊ ကာလတန်ဖိုး ကျပ် သိန်း (၁၈၄၀) ခန့်

(၃) ဘိန်း ၇၅ ကီလိုခန့်၊ စုစုပေါင်း ကျပ်သိန်း (၁၀၃၆၅) ခန့် တို့အား ရှာဖွေသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများသည် “ဝ”နယ်မြေထဲမှ ဝယ်ယူလာပြီး NDAA (မိုင်းလား) အဖွဲ့မှတစ်ဆင့် သယ်ဆောင်လာသည့် MNDAA (ကိုးကန့်)အဖွဲ့ပိုင် မူးယစ်ဆေးဝါးများဖြစ်ကြောင်း၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများကို ဖြန့်ဖြူးရောင်းချမည့် ဆေးဝါးများဖြစ်ကြောင်း သိရသည်။

စိုင်းဆွေဆိုင်းမှာ အခကြေးငွေ ထိုင်းဘတ်ငွေ (၁၇၂၀၀၀)ရယူ၍ အိမ်တွင် သိမ်းဆည်းပေးထားစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကွင်းဆက်တရားခံများအား ဖမ်းမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment