Pages

Pages

13th MachAuto Expo 2024 သို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်





MNP ၊ ဖေဖော်ဝါရီ ၂၇

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၊ Ludhiana မြို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် MachAuto Expo 2024 သို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက် ခဲ့ပါသည်။ ယင်းကုန်စည်ပြပွဲသို့ အီရန်၊ ကာဂျစ္စတန်၊ မဒါဂတ်စကာ၊ ဘူရွန်ဒီ၊ မွန်ဂိုလီးယား၊ အီသီယိုးပီးယားနိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံတမန်များ၊ အိန္ဒိယအစိုးရမှ တာဝန်ရှိသူများ၊ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါကုန်စည်ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားအစီအစဉ်အရ ၂၃-၂-၂၀၂၄ ရက်နေ့တွင် မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် Invest Punjab၊ အမှုဆောင်အရာရှိချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီး၊ Invest Punjab မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များက ပြခန်းခင်းကျင်းပြသထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ MachAuto Expo 2024 တွင် နိုင်ငံပေါင်း (၁၂)နိုင်ငံမှ ပြခန်း (၆၅၀) ပါဝင်ပြသခဲ့ပြီး ခေတ်မီနည်းပညာထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ စုစုပေါင်း (၁)သောင်းကျော် ခင်းကျင်းပြသခဲ့ကြသည်။

ဆက်လက်၍ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် Ludhiana မြို့ရှိ စက်ဘီးနှင့် မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ပါ သည်။ ထို့နောက် မြန်မာသံအမတ်ကြီးသည် စီပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စက်ပစ္စည်း ကိရိယာဈေးကွက်၊ Automotive Technology ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။


#News

No comments:

Post a Comment