Pages

Pages

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ပေကျင်းမြို့ အာဆီယံကော်မတီ အစည်းအဝေး (ACB) ၏ အလှည့်ကျ ဥက္ကဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်





MNP ၊ ဖေဖော်ဝါရီ ၈

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မလေးရှားသံရုံးက ကြီးမှူးကျင်းပသည့် အာဆီယံကော်မတီ၊ ပေကျင်းမြို့ (ASEAN Committee in Beijing – ACB) သံရုံးအကြီးအကဲများ၏ ၂၀၂၄ ခုနှစ်အတွက် ပထမကြိမ် အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျ တာဝန်လွှဲပြောင်းသည့် အခမ်းအနားသို့ ပေကျင်းမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံသံအမတ်ကြီးများက တရုတ်နှင့် အာဆီယံအကြား ပူးပေါင်း ဆောင်ရွက်မှုများ၊  မလေးရှားနိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌ သက်တမ်းကာလအတွင်း အာဆီယံ ကော်မတီ၏ လုပ်ငန်းအစီအစဉ်များ အောင်မြင်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး မလေးရှားသံအမတ်ကြီး H.E Mr. Norman Muhamad မှ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေထံသို့ ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်အား တရားဝင် လွှဲပြောင်း ပေးအပ်ခဲ့သည်။

မြန်မာသံအမတ်ကြီးက လာမည့် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ဆောင်ရွက်စဉ် ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပေကျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများအကြား စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်သည် တရုတ်-အာဆီယံ ပြည်သူများအကြား ဖလှယ်မှု မြှင့်တင်ရေးနှစ်ဖြစ်သည့် အလျောက် တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ဒီထက်မက မြှင့်တင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment