Pages

Pages

တန့်ဆည်မြို့ အနောက်တောင်ဘက်ရှိ ကျေးရွာများတွင် ရေဦးဘက်မှ လျှပ်စစ်ဓာတ်အား ခိုးယူသွယ်တန်း အသုံးပြုပြီး လက်နက်များ ထုတ်လုပ်နေ


MNP ၊ ဖေဖော်ဝါရီ ၆

တန့်ဆည်မြို့ အနောက်တောင်ပိုင်းရှိ ကျေးရွာများတွင် ရေဦးမြို့နယ်ဘက်မှ လျှပ်စစ်ဓာတ်အား တရားမဝင် ခိုးယူသွယ်တန်း အသုံးပြုပြီး PDF အကြမ်းဖက်သမားများအတွက် လက်နက်များ ထုတ်လုပ်နေကြောင်း သိရသည်။

ဒေသခံတစ်ဦး က "ရေဦးနဲ့ တန့်ဆည်အစပ်ပေါ့။ အဲဒီနယ်မြေတွေက PDF အကြမ်းဖက်စိုးမိုးနယ်မြေလို ဖြစ်နေတာ။ PDF တွေ လုပ်ချင်ရာ လုပ်နေတဲ့ ရွာတွေပါ။ ခပေါင်းချိုင်၊ ကံထူးမတို့ဆိုတာ PDF အင်အားကောင်းတယ်။ အဲဒီမှာ သူတို့တွေက ရေဦးမြို့နယ်ဘက်ကနေ တရားမဝင် လျှပ်စစ်ဓာတ်အား ရယူအသုံးပြုနေတာမျိုး ရှိတယ်။ PDF အတွက် လက်နက်ထုတ်လုပ်တာတွေ လုပ်နေကြတယ်။" ဟု ပြောသည်။

ရေဦး PDF အကြမ်းဖက်အဖွဲ့ကို NLD လွှတ်တော်အမတ် မြင့်ထွေး ဆိုသူက ဦးဆောင်ပြီး  တန့်ဆည်မြို့ကို မြို့သိမ်းတိုက်ပွဲဟု ကြွေးကြော်ကာ တိုက်ခိုက်ခဲ့စဉ်ကလည်း တန့်ဆည် PDF နှင့် မြင့်ထွေး ဦးဆောင်သော ရေဦး PDF အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် မြင့်ထွေး ကို ယနေ့တိုင်အောင် ဖမ်းဆီးထိန်းသိမ်းနိုင်ခြင်း မရှိသေးပေ။


Myanmar National Post

No comments:

Post a Comment