Pages

Pages

မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရပြီး အကြမ်းဖက်လှုပ်ရှားမှု ၃နှစ်ပြည့်ပြီးနောက် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ အမေရိကန်နိုင်ငံတွင် တစ်စုတစ်စည်းတည်း ထွက်ပေါ်လာ




MNP ၊ ဖေဖော်ဝါရီ ၁

မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ ဖြစ်ခဲ့ရသော NLD ပါတီမှ အကြမ်းဖက်လှုံ့ဆော်သူများသည် တရားစွဲဆိုခံရပြီး ပြည်ပြေး ဝရမ်းပြေးများအဖြစ် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများသို့ အမေရိကန်၏ အကူအညီဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။

ပြည်ပနိုင်ငံများတွင် ဝရမ်းပြေးများအဖြစ် ခိုလှုံနေထိုင်ပြီး အကြမ်းဖက်လှုံ့ဆော်မှုများပြုလုပ်၍ ကမ္ဘာအရပ်ရပ်မှ အလှူခံကာ ကိုယ်ကျိုးရှာခဲ့ကြသည်။

ပြည်ပြေး ဝရမ်းပြေးများက CRPH, NUG အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယနေ့တိုင်အောင် အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြပြီး ၃နှစ်ပြည့်သည့်ကာလတွင် အမေရိကန်နိုင်ငံတွင် တစ်စုတစ်စည်းတည်း ခိုလှုံနေကြသည်ကို တွေ့မြင်ရသည်။

၎င်းတို့၏ ထုတ်ပြန်ချက်တွင် CRPH, NUG အကြမ်းဖက်အဖွဲ့ဦးဆောင်သူများနှင့် အမေရိကန်ရောက် မြန်မာလူမှုအသိုက်ဝန်းတို့ တွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်တွင်ရှိသည့် NUG အကြမ်းဖက်အဖွဲ့၏ ရုံးတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်လှုံ့ဆော်သူ အောင်ကြည်ညွန့်၊ ဇင်မာအောင်၊ ထင်လင်းအောင်၊ ဦးမိုးဇော်ဦး၊  လူမျိုးလိမ်အရေးလှုပ်ရှားသူ အောင်ကျော်မိုး၊ ကျော်မိုးထွန်းနှင့် ကျော်ဇော်တို့ကို တွေ့မြင်ရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment