Pages

Pages

မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကစက်မှုလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပ


MNP  ၊ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၁၁/၂၀၂၃-၂၀၂၄) အစည်း အဝေးကို ယမန်နေ့ နေ့လယ် ၃ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကား ပြောကြားရာတွင်  ပုဂ္ဂလိက စက်မှုလုပ်ငန်းများအား စက်မှုလုပ်ငန်းဥပဒေနှင့်အညီ မှတ်ပုံတင်နိုင်ရေးအတွက် ယနေ့ တက်ရောက်လာသည့် အဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ စနစ်တကျ စိစစ်၍ ခွင့်ပြုပေးရန် ဖြစ်ပါကြောင်း၊ လုပ်ငန်းပယ်ဖျက်ခွင့် တင်ပြလာ သည်များနှင့် စက်မှုလုပ်ငန်းပြောင်းလဲခြင်းတင်ပြလာသည်များကိုလည်း ဥပဒေနှင့်အညီ စိစစ် ခွင့်ပြု‌ပေးရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပုဂ္ဂလိကစက်မှုလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ထွန်းအောင်က (၁၁/၂၀၂၃- ၂၀၂၄) အစည်းအဝေးတွင် ပုဂ္ဂလိက စက်မှုမှတ်ပုံတင်အသစ်လျှောက်ထားလာသည့် လုပ်ငန်း (၂၀) ခု၏ လုပ်ငန်းဆိုင်ရာ အချက် အလက်များ၊ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိတော့သည့် စက်မှုလုပ်ငန်းများ ပယ်ဖျက်ခွင့် တင်ပြလာသည့် အခြေအနေများနှင့် မှတ်ပုံတင်ပြီး လုပ်ငန်းများမှ  ပြောင်းလဲခြင်း ပြုလုပ်ပေးပါရန် လျှောက်ထားလာမှု အခြေအနေများ အား Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ပုဂ္ဂလိက စက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များက အစည်းအဝေးတွင် တင်ပြလျှောက်ထားလာသော ပုဂ္ဂလိကစက်မှုလုပ်ငန်း (၂၀) ခု၏ အချက်အလက်များအား ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ စိစစ်၍ မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေး အတည်ပြု ထောက်ခံပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ပုဂ္ဂလိကစက်မှုလုပ်ငန်းသစ်အနေဖြင့် အကြီးစား (၁၀)ခု၊ အလတ်စား (၈၆) ခု၊ အငယ်စား (၈၅) ခု၊ စုစုပေါင်း (၁၈၁) ခု မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


မောင်ညီညာ(မကွေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment