Pages

Pages

ရွှေတောင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ရပ်ကွက် (၃ ) ရပ်ကွက်အတွင်း လှည့်လည်ဆော်သြခြင်းများပြုလုပ်ဆောင်ရွက်



MNP ၊       ဖေဖော်ဝါရီ  ၂၈

      ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးဆောင်၍ ရွှေတောင်မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မြို့နယ်ရုံး/ စခန်းရှိ တပ်ဖွဲ့ဝင်များမှ ယမန်နေ့ ညနေပိုင်းက မီးဘေးလုံခြုံရေးများအတွက် ကြာနီကန်၊ ယွန်းတန်း သရက်တော မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်အတွင်း လှည့်လည်ဆော်သြခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

            ပွင့်လင်းရာသီသို့ရောက်ရှိလာ၍  မြို့နယ်အတွင်းမီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက်ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံး/စခန်း ရှိ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် မီးသတ်စခန်း ရှိ တပ်ဖွဲ့ဝင်များမှ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက်မီးဘေးအသိ/သတိရှိစေရန်နှင့် မီးဘေးလုံခြုံရေးများအတွက် လှည့်လည်ဆော်သြခြင်းများ ပြုလုပ်ခဲ့ကြကြောင်းရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှသိရသည်။


ကိုကိုမင်း 

​https://t.me/MyanmarNationalPost

No comments:

Post a Comment