Pages

Pages

ပင်းတယမြို့နယ်၌ ဆီမုန်ညှင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း




MNP ၊ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဆီမုန်ညှင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။

ယခုလက်ရှိ ပင်းတယမြို့နယ်၌ ဆီမုန်ညှင်းတစ်ပိဿာလျှင် ကျပ်(၁၀၀၀ဝိ/-)မှ ကျပ်(၁၂၀၀ဝိ/-) ထိ ရရှိနေကြောင်း သိရပြီး၊ အဆိုပါဒေသတွင် နေထိုင်ကြသူများမှာ ဒေသရိုးရာအစားအစာများဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်လုပ်ငန်းအပြင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တို့ကို တနိုင်တပိုင် စီးပွားရေးအဖြစ်လုပ်ကိုင်ကြပြီး၊ အိမ်တွင်းမှုရိုးရာလက်မှုပညာဖြစ်သော ထီး၊ ခမောက်၊ ရှမ်းစက္ကူလုပ်ငန်းများကိုလည်း လုပ်ကိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။


အောင်ကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment