Pages

Pages

ပေါင်မြို့နယ်၌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်





MNP ၊   ဖေဖော်ဝါရီ       ၂၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နေ့လယ် က မိုးနိုင်းရပ်ကွက်နှင့်ကျုံက‌ကျေးရွာ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဆေးထိုးနှံပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင် က နွေရာသီမရောက်ခင် ခွေးရူးရောဂါမဖြစ်အောင်  ကြိုတင်ကာကွယ်နိုင်ရန်အတွက်   မိုးနိုင်းရပ်ကွက်နှင့်ကျုံကကျေးရွာအုပ်စု  အတွင်းရှိမွေးမြူထားသောခွေး အကောင် (၇၀) အား ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးအား တစ်အိမ်တက်ဆင်းထိုးနှံပေးခဲ့သည်။

ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော အသက်ဆုံးရှုံးစေသည့်ရောဂါဖြစ်သည်။ ခွေး၊ကြောင်၊မြွေပါ၊ခွေးအနှင့်မြေခွေးတို့တွင် ကူးစက်ပြန့်ပွားတတ်သောကြောင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်ပေးနိုင်ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment