Pages

Pages

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် ဥပဒေအရာရှိကျင့်ဝတ်နှင့် မျှတသောတရားစီရင်ရေးဆိုင်ရာစံနှုန်းများ ဆန်းစစ်ချက်ဖြေဆို



MNP ၊ဖေဖဝါရီ ၄

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ဥပဒေအရာရှိကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ဥပဒေအရာရှိကျင့်ဝတ်နှင့် မျှတသော တရားစီရင်ရေးဆိုင်ရာစံနှုန်းများ ဆန်းစစ်ချက်ဖြေဆိုခြင်းကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး ပါမောက္ခဦးလှအောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စာမေးပွဲကို မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီးအတွင်းရှိ ဥပဒေရုံးများမှ ဥပဒေအရာရှိ စုစုပေါင်း (၆၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဆိုပါ ဆန်းစစ်ချက်ဖြေဆိုနေမှုအား မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်တို့က ကြည့်ရှု စစ်ဆေးခဲ့ပြီး မကွေးတိုင်းဒေသကြီး ဥပဒေချုပ်က  ဥပဒေအရာရှိများ အနေဖြင့် ဥပဒေအရာရှိ ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြန်စေရန်နှင့် မျှတသောတရားစီရင်ရေးစနစ် ပေါ်ထွန်းစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment