Pages

Pages

အမ်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသ






 MNP  ၊ ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမ၌  မူး ယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်ပြသ‌ခြင်းအား ယမန်နေ့ နေ့လည်ပိုင်းအ ချိန်က ကျင်းပပြု လုပ်ခဲ့သည်။

   နံရံကပ်စာစောင်ပြသရာတွင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသားကျောင်း သူလူငယ်များအား  မူး ယစ်ဆေးဝါးအန္တရာယ်အကြောင်းသိရှိလိုက် နာသင့်သည့် အချက်များ၊ မူးယစ်ဆေး ဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး၏ နောက် ဆက်တွဲရလဒ် ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရောဂါလက္ခ ဏာများ အကြောင်းတို့ကိုရှင်းလင်းပြောကြားခဲ့သည်။ 

  ထို့နောက် ကျောင်းသားကျောင်းသူများ မှ မူးယစ်ဆေးဝါးနှင့် ပတ် သက်၍ သိရှိလိုသည့်အကြောင်းအရာများကို မေး မြန်းကြရာပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်း ကသိရှိလိုသည်များအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ် စာစောင် ဓာတ်ပုံ​ပြပွဲများအား ကျောင်း သားကျောင်းသူများမူးယစ်ဆေးဝါး၏

ဆိုးကျိုးများကိုသိရှိ နားလည်နိုင်အောင်ယခုလို ပြသဆောင်ရွက်ခဲ့ပါကြောင်းပြောကြားရာကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment