Pages

Pages

ရေထွက်ကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများ၏ ဝက်မွေးမြူရေးလုပ်ငန်းအခြေအနေအား ကွင်းဆင်းစစ်ဆေး


MNP ၊ဖေဖော်ဝါရီ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လယ်ယားတောင်ကျေးရွာအုပ်စု ရေထွက်ကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများ၏ ဝက်မွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ယနေ့နံနက် ၁၀ နာရီက၊ သမဝါယမဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်အေးမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေထွက်ကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေ ကျပ်(၂၀)သန်း ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး အဆိုပါ ထောက်ပံ့ရန်ပုံငွေဖြင့် အသင်းသား (၂၇)ဦးမှ အသားတိုးဝက် အကောင်ရေ (၁၀၀) မွေးမြူခဲ့ခြင်းဖြစ်ကြောင်းသိရပြီး အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment