Pages

Pages

မမ္တလာတက္ကသိုလ်၌ ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်



MNP ၊ ဖေဖော်ဝါရီ  ၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီးရှိ မန္တလာတက္ကသိုလ်၊ ဘွဲနှင်းသဘင်ခန်းမတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ဖေဖော်ဝါရီလ ၅ ရက်နေ့ထိ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်ကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဒေါ်ခင်စန်းစန်းဝင်း ကဘွဲ့ရမောင်မယ်များကို အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၂-၂၀၂၃ နေ့သင်တန်းတက်ရောက်အောင်မြင်ပြီးသူ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့်သိပ္ပံဘွဲ့များအတွက် ဘွဲ့ရရှိသူ ၄၅၀ ဦးတို့ကို ဘွဲ့များအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး အဝေးသင်သင်တန်း ၂၀၂၃ ပညာသင်နှစ်အတွက် ဘွဲ့ရရှိသူ ၈၅၃ ဦးတို့ကို ဆက်လက်ဘွဲ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်တွင် နေ့သင်တန်း၊ အဝေးသင်သင်တန်း စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၃၀၃ ဦးကို ဘွဲ့များပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment