Pages

Pages

ဒေါ်တင့်တင့်လွင် မှ သက်ဆိုင်သူများသိစေရန် အိတ်ဖွင့်ပေးစာ



ကျွန်မဒေါ်တင့်တင့်လွင်သည် မိမိအလွန်တရာမှချစ်ခင်လှသော ချင်းလူမျိုးများ၊ ချင်းရိုးရာယဉ်ကျေးမှုများ၊ ချင်းပြည်နယ်၏ တောတောင်ရေမြေသဘာဝများကြောင့် မည်သည့်လုပ်ငန်းရှင်မှ ရင်းနှီးမြုပ်နှံမှုမပြုလုပ်လိုသော ဒေသတွင်သိန်းပေါင်း၁၂၃၆၀ တိတိအကုန်အကျခံ၍ မိမိကိုယ်တိုင်နေ့မအိပ်ညမအိပ် "ချင်းတောင်တန်းပေါ်ကအိမ်မက်များ PROJECT " ကိုအကောင်အထည်ဖေါ်ကာ Thantlang Hill Resort ကိုဆောက်လုပ်ခဲ့ပါတယ်။

ချင်းပြည်မှာ ..

၁။ ဟိုတယ်ဆောက်ခြင်း

၂။ အခမဲ့ဟိုတယ်လုပ်ငန်းသင်တန်းများပေးခြင်း

၃။ ချင်းယက်ကန်းစင်များဝယ်၍ အမျိုးသမီးများအား ယက်ကန်းပညာသင်ပေးခြင်း

၄။ ရွာမီးလင်းရေးအတွက် ၆၀KVA မီးစက်လူဒါန်းခြင်း

၅။ ရေရရှိရန်တူးဖော်ခြင်း

၆။ ဘုရားကျောင်းဆောက်လုပ်ရန်လှူဒါန်းခြင်း

၇။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက်ဂျာမဏီမှ ခရီးသွားCompanyများနှင့်ပူးပေါင်းရျ်ခရီးစဉ်များရေးဆွဲခြင်း

၈။ ကြော်ငြာခြင်းဈေးကွက်ဖော်ဆောင်ခြင်း

၉။ ရိခေါဒါ နယ်မြေတဝိုက် Tour package များရေးဆွဲ၍ Day trip များ Border package များစီစဉ်ခြင်း

၁၀။ စစ်ဘေးရှောင်များနေရာကို အစားအသောက်ပို့ဆောင်စဉ် မိမိကုန်တင်ကားအား အခမဲ့အသုံးပြုစေခြင်း

၁၁။ အသက်အနရာယ်ရှိသော နေရာများကို ကိုယ်တိုင်ကားမောင်း၍ ဆောက်လုပ်ရေး လုပ်ငန်းစဉ်များအတွက် ကြီးကြပ်ခြင်းတို့ကိုပြုလုပ်ခဲ့ပါသည်။

ယခုအခါ တိုင်းပြည်မတည်ငြိမ်စဉ်ကာလအတွင်း မိမိပိုင်ဟိုတယ်အား စစ်ဘေးဒဏ်ထိခြင်း၊ ဟိုတယ်တွငိးပစ်စည်းများအားလုံး ယူဆောင်သွားကြခြင်း ပြုလုပ်ခံရပါသည့်အတွက် မိမိ၏စားဝတ်နေရေး ငွေကြေးကြီးမားစွာဆုံးရှုံးရပါသည်။

သို့ပါ၍ မိမိ၏ချင်းတောင်အပေါ် အနစ်နာခံမှုများကို ကိုယ်ချင်းစာနာသောအားဖြင့် မိမိ၏ဟိုတယ်အား ထပ်မံမဖျက်စီးကြပါရန်နှင့် မည်သည့်အဖွဲ့အစည်းမဆို မိမိ၏ဟိုတယ်အားစာနာသက်ညှာသောအားဖြင့် ငြိမ်းချမ်း၍  ပြန်လည်အလုပ်လုပ်နိုင်မည့်တနေ့ထိ စောင့်ရှောက်ထိန်းသိန်း၍ ပြန်လည်ပေးအပ်ပါရန် လေးစားစွာ သက်ဆိုင်သူမည်သူကိုမဆို အနူးအညွတ်တောင်းပန်အပ်ပါသည်။


ဒေါ်တင့်တင့်လွင်


https://t.me/MyanmarNationalPost

No comments:

Post a Comment