Pages

Pages

​​​​​​​​​​​​​​​​ရွှေတောင်မြို့နယ် အခြေခံပညာနှင့်စက်မှု ၊စိုက်ပျိုး၊မွေးမြူရေးသင်တန်းကျောင်းတွင် ကျောင်းသား / ကျောင်းသူ များအား ထောက်ပံ့ငွေများပေးအပ်

 



MNP ၊ ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အခြေခံပညာနှင့်စက်မှု ၊စိုက်ပျိုး၊မွေးမြူရေးသင်တန်းကျောင်းတွင် ကျောင်းသား / ကျောင်းသူ များအား နိုင်ငံတာ်မှ  လစဉ် ထောက်ပံ့ပေးအပ်သည့်ထောက်ပံ့ငွေများအား ယမန်နေ့ နေ့လယ်ပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူးရေးသင်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော စိုက်ပျိုးရေး အထူးပြု ကျောင်းသား /၊ကျောင်းသူ( ၃၀) ဦးနှင့် မွေးမြူရေး အထူးပြု ကျောင်းသား /ကျောင်းသူ( ၂၉) ဦး စုစုပေါင်း ကျောင်းသား / ကျောင်းသူ (၅၉)  ဦးတို့အား လစဥ်ထုတ်ပေးလျက်ရှိရာဖေဖော်ဝါရီလ အတွက် တစ်ဦးလျှင် (၁၀၀၀၀ိ/-) ကျပ်ကို  ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး  ဦးမျိုးအောင်တို့က ကျောင်းသား / ကျောင်းသူ တစ်ဦးချင်းဆီသို့  ထောက်ပံ့ပေးခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment