Pages

Pages

ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး




MNP ၊ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈:၃၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ကွန်ဟိန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ပြီး  အငြိမ်းစားဝန်ထမ်းပင်စင်လစာထုတ်ယူမည့်သူ စုစုပေါင်း(၂၁၇)ဦး ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment