MNP ၊ ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မီးလောင်မှုလျော့နည်းကျဆင်းရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းနှင့် တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဆွေဝင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း မီးလောင်မှုများ လျော့နည်းကျဆင်းစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်၊ ယာဥ်မောင်းများ ယာဥ်မတော်တဆမှုများ မဖြစ်ပွားစေရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်ရန်၊ အုပ်ချုပ်မှုလျော့နည်းမှုဖြစ်စဥ်များ မဖြစ်ပွားစေရန် ဆင့်ကဲတာဝန်ယူဆောင်ရွက်ရန်၊ တပ်ဖွဲ့ဝင်အချင်းချင်း စည်းလုံးညီညွတ်စွာ တာဝန်များကို ထမ်းဆောင်သွားရန်၊ မီးသတ်စခန်း၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများ သာယာလှပစေရေး စဥ်ဆက်မပြတ်ဆောင်ရွက်သွားရန်၊ လောင်းကစားနှင့် မူးယစ်ဆေးဝါအား ဂရုပြု ရှောင်ရှားကြရန်၊ တပ်ဖွဲ့ဝင်နှင့် မိသားစုများ ယာဥ်အန္တရာယ်ကင်းရှင်းရေး ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ကြရန် ဆွေးနွေးမှာကြားခဲ့ပြီး တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မီးငြှိမ်းသတ်ရေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment