စွန်ရဲအင်းဒေသ၌ နို့စားနွားမွေးမြူရေးဇုန် ဧက ၃၀၀ အကောင်အထည်ဖော်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

စွန်ရဲအင်းဒေသ၌ နို့စားနွားမွေးမြူရေးဇုန် ဧက ၃၀၀ အကောင်အထည်ဖော်လျက်ရှိ



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် (၂၄-၂-၂၀၂၄) ရက်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စွန်ရဲအင်းဒေသရှိ နို့စားနွားမွေးမြူရေးဇုန် ဧက ၃၀၀ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများလျာထားချက်ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး အတွက် လုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီများအနေဖြင့် တာဝန်ယူသည့် ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် တိရစ္ဆာန်အစာပင် စိုက်ပျိုးမည့်နေရာများ ဆောင်ရွက်ထားရှိမှု၊ ရေစုကန်များ၊ ရေသွယ်ပိုက်လိုင်းများ‌၊ ရေတင်ပန့်များနှင့် မြေအောက်ရေရရှိရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းရိပ်သာခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးအတွက်ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူအစုအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု၊ လုပ်ငန်းတိုးတက်မှုများကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး လိုအပ်ချက်များ အချိန်မီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)