Pages

Pages

ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီး၌ အထူးတရားပွဲကျင်းပ


MNP ၊  ဖေဖော်ဝါရီ  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ စာရေးကုန်းရပ်ကွက်၊ ဘုရားကြီးလမ်း၊ သကျမဟာသီရိဘုရားကြီးတွင် ယမန်‌နေ့ည (၈)နာရီအချိန်က အထူးတရားပွဲကျင်းပရာ ဒေါက်တာ ဘဒ္ဒန္တတေဇောသာရ (Ph.D, Buddhism India, ဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ချင်းတောင်တန်း သာသနာပြုဆရာတော်)က “စံထားလောက်သောအလှူ” ခေါင်းစဉ်ဖြင့် တရားဟောကြားခဲ့ရာ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ စုစုပေါင်းအင်အား (၂၀၀၀)ဦးခန့် တရားနာယူကြပြီး ဓမ္မပူဇာငွေ (၄,၆၀၅,၀၀၀) ကျပ်အား စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ သကျမဟာသီရိဘုရားကြီး ရွှေထီးတော်သစ်တင်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်အား  ဖေဖော်ဝါရီလ (၁၅) ရက်မှ (၂၅) ရက်ထိ ကျင်းပလျက်ရှိရာ (၁၆) ရက်‌နေ့တွင် ဘဒ္ဒန္တရေဝတ (အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ နယ်လှည့်ဓမ္မကထိက၊ ကြာနီကန်ကျောင်းတိုက်ဆရာ‌တော်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး)၊ ဖေဖော်ဝါရီလ (၁၇) ရက်‌နေ့တွင် ဘဒ္ဒန္တခေမာစာရ (ဒွိပိရကဓရ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ ကွမ်းခြံကုန်းကျောင်းတိုက်ဆရာ‌တော်၊ ဝါးခယ်မမြို့)တို့၏ အထူးတရားပွဲများ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment