Pages

Pages

ပေါင်မြို့နယ်၌မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေ ကိစ္စရပ်များနှင့်ပတ်သက်၍ ရပ်ကွက်/ ကျေးရွာများမှ တောင်သူများနှင့် တွေ့ဆုံပွဲပြုလုပ်






MNP  ၊  ဖေဖော်ဝါရီ      ၂၃


မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေ ကိစ္စရပ်များနှင့်ပတ်သက်၍ ရပ်ကွက်/ ကျေးရွာများမှ တောင်သူများနှင့် တွေ့ဆုံပွဲကိုယနေ့ မွန်းလွဲ ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်မှ စိုက်ဘဏ်ချေးငွေ ထုတ်ချေးပေးရသည့် ရည်ရွယ်ချက်၊ NPL အကြွေးကျန်များ ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပြန်လည်ပေးဆပ်ရမည့် ကိစ္စရပ်များအပေါ် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် ဗိုလ်မှူးကျော်နိုင်ဦးက

တောင်သူများအနေဖြင့် ချေးငွေများနှင့်ပတ်သက်၍ အခက်အခဲများကို ကူညီပေးသည့်တွက် ရာသီသီးနှံပေါ်ချိန်တွင် သတ်မှတ်ထားသည့်ရက်အတွင်း ပေးချေပါရန်လိုအပ်ပါကြောင်းဆွေးနွေးခဲ့ရာ တောင်သူများအနေဖြင့် သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦး၊မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မှမန်နေဂျာ ဦးယဉ်ဌေး တို့က ပြန်လည်ဖြေကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment