Pages

Pages

ပင်းတယမြို့နယ်အတွင်းရှိ ဂျုံစိုက်ခင်းများ စတင်ရိတ်သိမ်းချိန် ဈေးကောင်းရရှိရန် ဂျုံစိုက်တောင်သူများ မျှော်လင့်နေ




MNP ၊ ဖေဖဝါရီ  ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ ယခုအခါတွင် ပင်းတယမြို့ အနီးအနား ပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသည့် ဂျုံစိုက်ခင်းများ စတင်ရိတ်သိမ်းချိန်၌ ဈေးကောင်းရရှိရန် ဂျုံစိုက်တောင်သူများ မျှော်လင့်နေကြကြောင်း သိရသည်။

ဂျုံများကိုစိုက်ပျိုးရာတွင် ဂျုံမျိုးစေ့၊ မြေဩဇာ၊ လုပ်အားခ အစရှိသည့် စိုက်ပျိုး၊ ရိတ်သိမ်းစရိတ်များသည် ဂျုံစိုက်ခင်း တစ်ဧကလျှင် ငွေကျပ် ရှစ်သိန်းခွဲခန့် ကုန်ကျပြီး ယခုထွက်ရှိသော ဂျုံစိုက်ခင်းများမှာ တစ်ဧကလျှင် တင်း (၄၀၀)ခန့်သာ အများဆုံးထွက်ရှိကြောင်းနှင့် ယခုလက်ရှိဂျုံဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၄၀၀)ကျပ်မှ (၂၅၀၀)ကျပ်အထိသာ ရရှိသောကြောင့် ဂျုံစိုက်တောင်သူများက ယခုထက် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ဂျုံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment