Pages

Pages

စက်မှုဝန်ထမ်းဟောင်းများအသင်း၏ ဒသမအကြိမ်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး ကျင်းပ



MNP ၊ ဖေဖော်ဝါရီ ၁၈

စက်မှုဝန်ထမ်းဟောင်းများ၏ ဒသမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ထမ်းဟောင်းများအသင်းနာယက၊ ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် အသင်းဝင်ဝန်ထမ်းဟောင်းများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ထမ်းဟောင်းများအနေဖြင့် ကျန်းမာရေးကောင်းမွန်နေပါက လက်ရှိတာဝန်ထမ်းဆောင်နေသည့် တပည့်များ၏ လိုအပ်ချက်များကို ကာယအား၊ ဉာဏအားဖြင့် တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှထုတ်ပြန်ပြဋ္ဌာန်းထားသည့် ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဝယ်ယူရေးကိစ္စ၊ တည်ဆောက်ရေးကိစ္စ၊ ဝန်ဆောင်မှုကိစ္စရပ်များဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ချင်းအနေဖြင့် လည်းကောင်း၊ အဖွဲ့အစည်းအလိုက်ဖြင့်လည်းကောင်း တတိယအဖွဲ့အစည်းများ မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းဟောင်းများအသင်းတွင် နယ်ပယ်စုံမှ ပညာရှင်များစွာရှိ၍ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့များ ဖွဲ့စည်းထားရှိစေလိုကြောင်း၊ ဝန်ထမ်းဟောင်းများအနေဖြင့် စက်မှုဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော အကြံပြုချက်များပေးကြရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ စက်မှုဝန်ထမ်းဟောင်းများအသင်း နာယကနှင့် ဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြပြီးအတွင်းရေးမှူးက ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းများကို ရှင်းလင်းဖတ်ကြား၍ အတည်ပြုချက်ရယူခြင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် အမှုဆောင်အသင်း ရွေးချယ်ခြင်းနှင့် တာဝန်ပေးအပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။


ထို့နောက် အသင်းဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား၍ စက်မှုဝန်ထမ်းဟောင်းများအသင်း၏ ဒသမအကြိမ်အသင်းသားစုံညီ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment