Pages

Pages

မန္တလေးမြို့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအား အပြည့်အဝထောက်ခံကြိုဆို








MNP ၊ ဖေဖော်ဝါရီ ၁၃

မန္တလေးမြို့တွင် နိုင်ငံတော်အစိုးရက ပြည်လည်ကျင့်သုံးဆောင်ရွက်မည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အပြည့်အဝ ကြိုဆိုထောက်ခံကြောင်း အခမ်းအနားကို ယနေ့ ကျင်းပခဲ့ကြသည်။

အကြမ်းဖက်အန္တရာယ်များကို မလိုလားသည့် ပြည်သူများက တိုင်းပြည်ကာကွယ်ရေးတွင် အရွယ်ရောက်ပြီးသူ အားလုံးပါဝင် တာဝနထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထောက်ခံကြိုဆိုကြောင်း ဗီနိုင်းပိုစတာများကိုင်ဆောင်၍ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး ကြွေးကြော်သံများဖြင့် ချီတက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံကြိုဆိုခဲ့ကြသည်။

အခမ်းအနားတွင် တတ်သိပညာရှင်များက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောမှုများ ဆောင်ရွက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment