Pages

Pages

အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ လုပ်ငန်းနယ်ပယ်အသီးသီးတွင် အောင်မြင်လျက်ရှိသော ပုဂ္ဂိုလ်များ၏ အတွေ့အကြုံ၊ အောင်မြင်မှုများအား မျှဝေ


MNP  ၊ ဖေဖဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ ထူးချွန်အောင်မြင်သည့်လုပ်ငန်းရှင်များ ပေါ်ထွန်းလာရေး လုပ်ငန်းနယ်ပယ်အသီးသီးတွင် အောင်မြင်လျက်ရှိသော ပုဂ္ဂိုလ်များ၏ အတွေ့အကြုံ၊ အောင်မြင်မှုများအား မျှဝေခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ နံနက်(၁)နာရီက အဆိုပါကျောင်း ဘက်စုံးသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက အမှာစကားပြောကြားခဲ့ပြီး လုပ်ငန်းနယ်ပယ်တွင် အောင်မြင်လျက်ရှိသော (Electronic and Electrical) လုပ်ငန်းရှင် ဦးတိုးလွင်၊ (Mechanical)(AGTI)လုပ်ငန်းရှင် ဦးအောင်အောင်ဦး၊ ဒေါ်သုန္ဒြေဇော်(BE)(EC)နှင့် ဦးကျော်ဝဏ္ဏ(G.T.H.S)တို့က ၎င်းတို့ဖြတ်သန်းခဲ့သည့် ကျောင်းသင်ခန်းစာများ၊ ရည်မှန်းချက်၊ရည်ရွယ်ချက်များ၊ လုပ်ငန်းများထူထောင်လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အခက်မခဲများနှင့် ‌အောင်မြင်မှုများအား ရှင်းလင်းဆွေးနွေးမျှဝေခဲ့ကြောင်း သိရသည်။

ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက အောင်မြင်မှုများအကြောင်းမျှဝေခဲ့သည့် လုပ်ငန်းရှင်များအား ဂုဏ်လက်ဆောင်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment