Pages

Pages

ဂွမြို့ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်

  



                                                                

MNP ၊   ဖေဖော်ဝါရီလ   ၈

      ရခိုင်ပြည်နယ်၊  သံတွဲခရိုင်၊   ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန.    လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ကျင်းပလျက် ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းတွင် သုတေသီဘုန်းမြင့်သွေး၏ လူ့ဘဝတိုးတက်ရာတိုးတက်ကြောင်းစာအုပ်ဖြင့် ကျင်းပပြုလုပ်  ဆောင်ရွက်ခဲ့သည်။

       ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က.  စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိပြီး   အသိပညာ   ဗဟုသုတများ  တိုးပွားလာခြင်း၊အမှားအမှန်ဝေဖန်  ပိုင်ခြားနိုင်မှုများ  ရရှိလာခြင်း၊  စာပေ  အကြောင်းအရာများကို  တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်ပြီး   စာပေအကျိုးကျေးဇူးကို  ရရှိခံစားနိုင်စေခြင်း စသည့် ရည်ရွယ်ချက်များဖြင့်  စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ 

  ထို့နောက်  Youth Club အဖွဲ့ဝင်များက သုတေသီဘုန်းမြင့်သွေး၏ လူ့ဘဝတိုးတက်ရာတိုးတက်ကြောင်းစာအုပ်တွင်ပါရှိသည့်  "လူ့ဘဝတိုးတက်ရာတိုးတက်ကြောင်း" ၊"ဘဝနှင့်ဘဝမှအမြတ်ထုတ်နည်း" "ကောင်းရာကိုတုကောင်းမှုမြတ်နိုး" "ရဲရင့်ယုံကြည်စိတ်" စသည့်ဆောင်းပါးများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် ဦးစီးအရာရှိက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း  သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment