Pages

Pages

လားရှိုးမြို့ စန်းရွှင်ဟိုတယ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့သည့် KIA အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားများအား ဆက်ကြေးကောက်ခံသည့် စာရွက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်












MNP ၊ ဖေဖော်ဝါရီ ၁၀

လားရှိုးမြို့ စန်းရွှင်ဟိုတယ်အား စာပို့၍ ဆက်ကြေးတောင်းခံရာ မရသဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့သည့် KIA အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ထားသည်။

KIA အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားများသည် ၇-၂-၂၀၂၄ ရက်နေ့က လားရှိးမြို့မှ စန်းရွှင်ဟိုတယ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KIO/KIA အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား (၄)ဦးကို  Type-56 (၂)လက်၊  GLOCK ပစ္စတို (၃)လက်၊ ဆက်စပ်ပစ္စည်းများ၊ မိုင်းမျိုးစုံနှင့် ဆက်ကြေးကောက်ရာတွင် အသုံးပြုသည့် ဆက်ကြေးစာရွက်(၁၈၀)ရွက်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


Myanmar National Post

No comments:

Post a Comment