Pages

Pages

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi အား လက်ခံတွေ့ဆုံ



MNP ၊ ဖေဖော်ဝါရီ ၇

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ  ဒုက္ခသည်များဆိုင်ရာ  မဟာမင်းကြီးရုံး၏  မြန်မာနိုင်ငံဆိုင်ရာ  ကိုယ်စားလှယ်  Ms. Noriko Takagi အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ UNHCR က လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် မြန်မာနိုင်ငံနှင့် UNHCR အကြား အနာဂါတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ 

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment