Pages

Pages

အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာမှ ဘုန်းတော်ကြီးကျောင်းများတွင် NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ စာသင်ကျောင်းများ ဖွင့်လှစ်နေ



အရာတော်၊ ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅ကျောင်းတွင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်အဖွဲ့ကို ဦးဆောင်၍ ကျောင်းဖွင့်လှစ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက "နောင်ကြီးအိုင်ရွာမှာက ဘုန်းကြီးကျောင်း ၁၂ကျောင်းလောက် ရှိတယ်။ ဘုန်းကြီးကျောင်း ၅ကျောင်းမှာ CDM ဆရာ/ဆရာမတွေနဲ့ ကျောင်းပြန်ဖွင့်နေတယ်။ ကျောင်းသားတစ်ယောက်ကို တစ်လ  ၅၀၀၀ ပေးရမယ်တဲ့။ PDF တွေက လုပ်နေတာ။ နောင်ကြီးအိုင်ရွာမှာက တပ်လည်းမရှိတော့ဘူး။ ရဲလည်းမရှိတော့ဘူး။ PDF တွေ လုပ်ချင်ရာ လုပ်နေတာပဲ။ နယ်မြေရှင်းလင်းတယ်ဆိုတာလည်း မရှိပါဘူး။"ဟု ပြောသည်။

အရာတော်မြို့နယ်အတွင်း ကောလင်း၊ ဝန်သိုဘက်မှ ပြေးလာသည့် PDF အကြမ်းဖက်သမားများ ဝင်ရောက်လျက်ရှိပြီး PDF အကြမ်းဖက်သမားများအတွက် လွတ်မြောက်နယ်မြေသဖွယ် ဖြစ်နေကြောင်း သိရသည်။


#News

No comments:

Post a Comment