MNP ၊ ဖေဖော်ဝါရီ ၄
ဆီဆိုင်မြို့ အနောက်ဖက် မဲဟဲရွာတွင် ယနေ့(ဖေ ၄ ရက်) ညနေ ၅ နာရီခန့်က တပ်မတော်စစ်ကြောင်းနှင့်ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်နေသော PNO အဖွဲ့ နှင့် KNDF၊ PNLA အကြမ်းဖက်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း KNDF၊ PNLA အကြမ်းဖက်သောင်းကျန်းသူ ၇ လောင်း နှင့် လက်နက် ၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
PNLA သည် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော်လည်း ပအိုဝ်းပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် KNDF အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်လျက်ရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment