Pages

Pages

ရန်ကုန်မြို့နှင့် စိန့်ပီတာစဘတ်မြို့များ ကို Sister Cities ညီအစ်မမြို့များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေး






MNP ၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းအား မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ (၁၆)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သံတမန်ခန်းမဆောင်၌ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့များသည် ဆိပ်ကမ်းမြို့များဖြစ်ပြီး Sister Cities ညီအစ်မမြို့များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရာက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov နှင့်အတူကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့များသည် ဆိပ်ကမ်းမြို့များဖြစ်ပြီး Sister Cities ညီအစ်မမြို့များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ရုရှားနိုင်ငံအနေဖြင့် ရန်ကုန်မြို့တွင် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မြန်မာ-ရုရှားနှစ်နိုင်ငံမြို့တော်များအကြား ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-ရုရှား နှစ်နိုင်ငံမြို့တော်များအကြား ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ လျှပ်စစ်ကဏ္ဍကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သက်ဆိုင်သည့် နည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၊ ရန်ကုန်မြို့တွင် တိရိစ္ဆာန်ဥယျာဉ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံ မော်စကိုမြို့သို့ လေကြောင်းပျံသန်းရေး ကိစ္စရပ်များအား အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးကြသည်။  

တွေ့ဆုံပွဲအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment