Pages

Pages

ဓနုဖြူမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်




ဓနုဖြူ မတ် ၂၈        

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပန်းခင်း(၃)စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ Biometric ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က  ငါးဘက်အိုင်အုပ်စု၊ ကနီစုကျေးရွာ၊ သာသနာ့ရောင်ခြည် ကျောင်းတိုက်၌ အခြေပြုကွင်းဆင်း ဆောင်ရွက်သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုအား ဓနုဖြူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွန်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တိုက်နယ်မှူး ဒေါ်စိမ်းလဲ့လဲ့တိုးနှင့် ဝန်ထမ်းများက ငါးဘက်အိုင်ကျေးရွာအုပ်စုတွင် နေထိုင်သည့် ပြည်သူများအား  အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးပြီး (Biometric) ကောက်ယူခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


အောင်ပြည့်ဖြိုးဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment