Pages

Pages

သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်





သာပေါင်း မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြည်အေးခန်းမ၌ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အေးမှ လူမှုရေးပင်စင်ခံစားခွင့်ရှိသူ အသက်(၈၅)နှစ်နှင့်အထက် အဘိုး(၃၀၀)ဦး၊ အဘွား(၅၀၅)ဦး ပေါင်း(၈၀၅)ဦးတို့အား ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ် (အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ) သုံးလစာ လူမှုရေးပင်စင် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်စီဖြင့် ၂၄၁၅၀၀၀၀ (နှစ်ရာ လေးဆယ် တစ်သိန်း ငါးသောင်း)ကျပ်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေး (MCCT) အစီအစဉ်တွင် အကျုံးဝင် အကျိုးခံစားခွင့်ရှိသူများအနက် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့‌သော ကိုယ်ဝန်ဆောင်မိခင် (၂၈၁)ဦး ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး(၆၅၄)ဦး၊ ပေါင်း(၉၃၅)ဦးတို့ကို ဒုတိယအသုတ် အနေဖြင့်၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ် ပထမသုံးလပတ် (ဧပြီလ၊‌မေလ၊ဇွန်လ) များအတွက် ၃၉၄၆၅၀၀၀ (သုံးရာကိုးဆယ့်လေးသိန်းခြောက်သောင်းငါးထောင်) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အေးတို့က သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့‌ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment