Pages

Pages

ကျောက်ဆည်မြို့နယ်တွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး

 


ကျောက်ဆည် မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ စားသုံးဆီ အခက်အခဲ မရှိစေရေး ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးလျက်ရှိသော ကုမ္ပဏီများနှင့် ဆက်သွယ်၍ စားအုန်းဆီများ ဝယ်ယူ၍ စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်တွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စားအုန်းဆီများကို Kaung Hlyan New Asia Co,Ltd ကမ္ပဏီမှ ရည်ညွှန်းဈေး  တစ်ပိဿာ ငွေ (၅၂၅၀) ကျပ်ဖြင့်  ဂျူးဂျူး၊ နေလသုခ၊  စားသုံးဆီ လက်လီလက်ကား ရောင်းဝယ်ရေးဆိုင်မှ ဝယ်ယူ၍ တစ်ပိဿာ (၅၇၃၈) ကျပ်ဖြင့် တံတားဦးကုန်းကျေးရွာတွင် စားအုန်းဆီ(၄၄၀)ပိဿာကိုလည်းကောင်း၊ ဈေးတန်းရပ်ကွက်နှင့် ဘင်စုရပ်ကွက်တို့တွင် စားအုန်းဆီ (၈၈၀)ပိဿာကိုလည်းကောင်း၊ ရှမ်းသူငယ် ကျေးရွာ၊ သံချပ်ကုန်းကျေးရွာ၊ အနောက်သာဂရကျေးရွာတို့တွင် စားအုန်းဆီ (၉၉၀)ပိဿာ ကိုလည်းကောင်း၊ ချောင်းဆုံတပ်နယ်နှင့် စတုပစ္စယာ ဘုံဆွမ်းလောင်းအသင်းသို့ စားအုန်းဆီ (၄၄၀)ပိဿာကိုလည်းကောင်း၊ မြို့မဈေးသူ ဈေးသားများအတွက် စားအုန်းဆီ (၃၃၀)ပိဿာ ကိုလည်းကောင်း အသီးသီး ရောင်းချပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment