Pages

Pages

ကျွန်းလှမြို့နယ်၌ လယ်သီးထပ်စိုက်ပျိုးသော နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း



ကျွန်းလှ မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုအခါ လယ်သီးထပ်စိုက်ပျိုးသော နေကြာစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကျွန်တော် ဒီနှစ်လယ်ရိတ်သိမ်းပြီး‌ ဆင်းရွှေကြာ-၂ နေကြာမျိုး သုံးဧကစိုက်ပျိုးထားပါတယ်။ အခုအခါ နေကြာစိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပါတယ်။ တိုးချဲ့စိုက်ပျိုးဖို့ စီစဉ်ထားပါတယ်” ဟု နေကြာစိုက်တောင်သူ ဦးမင်းအောင်က ပြောသည်။

အဆိုပါ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်နည်း စနစ်ကွင်းသရုပ်ပြခြင်း၊ စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးခြင်း၊ ယူရီးယားဓာတ်မြေဩဇာ များ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ ၁၄၂၃၆ ဧက၊ နှမ်း ၂၄၀၃၅ ဧက၊ နေကြာ ၁၂၂၇ ဧက၊ ပန်းနှမ်း ၅၃၁၅ ဧက၊ မုံညှင်းစေ့ ၄၃၅ ဧက၊ စုစုပေါင်း ၃၅၂၄၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မျိုးဝင်းညို ကျွန်းလှ

https://t.me/MyanmarNationalPost

No comments:

Post a Comment