စေတုတ္တရာမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စေတုတ္တရာမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




စေတုတ္တရာ မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စာပေမြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာကြီး ဒေါက်တာခင်မောင်ညို ရေးသားပြုစုထားသော “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က မြို့နယ်တွင် Book Club အသင်းစာပေချစ်မြတ်နိုးသူ‌များ၊ နွေရာသီကျောင်းပိတ်ရက် ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာဖတ်၊ စာငှားပြုလုပ်ကြသည့် ကျောင်းသား၊ ကျောင်းသူများဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခြင်းကြောင့် စာပေဗဟုသုတများတိုးပွားလာခြင်း၊ စာပေအမြင်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခြင်း၊ အတွေးအခေါ် စာပေကဏ္ဍတိုးပွားလာမည်ဖြစ်ကြောင်း၊ စာ‌ကြည့်တိုက်အသုံးပြုသူများ များပြားလာမည်ဖြစ်ကြောင်း ယခုဆွေးနွေးမည်စာအုပ်သည် လူငယ်များအတွက် ဗဟုသုတရရှိစေမည်စာအုပ်ဖြစ်၍ လူငယ်အများစု ဖတ်ရှုကာ အသိပညာဗဟုသုတများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဒေါ်ဝင်းဝင်းတင့်က ဒေါက်တာခင်မောင်ညိုရေးသားသော “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်တွင်ပါရှိသော လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်တာဝန်သိမှုအကြောင်းအရာများ ဆွေးနွေးခြင်း၊ Book Club အသင်းအဖွဲ့ဝင် မနီလာထွေးမှလည်း အဆိုပါစာအုပ်တွင်ပါသော လူငယ်နှင့်လူမှုရေး အတွေးများတွင် ဆင်းရဲတယ်ချမ်းသာတယ်ဆိုတာ၊ ပညာရေးအစ စာအုပ်များဖြင့် အစပြုပါအစရှိသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများမှလည်း အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထူအခြေပြုဗဟိုဌာနတွင် Book Club စာပေချစ်မြတ်နိုးသူများဖြင့် ပြုလုပ်သော စာဖတ်ဝိုင်းများ၊ အသိပညာပေး Talk Show များ၊ အထိမ်းအမှတ်နေ့များအလိုက် ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။


ဝင်းအိမွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)