MNP ၊ မတ် ၃
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ဆောင်းသီနှံစိုက်ပျိုးရာသီ၌ နေကြာ ( ၁၁၀၀ ) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ပေါင်မြို့နယ်တွင် ဆောင်းသီနှံစိုက်ပျိုးရာ၌ နေကြာဧက ( ၁၀၀၀ ) စိုက်ပျိုးရန် လျာထားပြီး ၂၀၂၃ ဒီဇင်ဘာလအတွင်း စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် နေကြာဧက ( ၁၁၀၀ ) စိုက်ပျိုးပြီးစီးပြီဖြစ်သည်။ အဆိုပါနေကြာများ အခက်အခဲမရှိစိုက်ပျိုးနိုင်ရန် ဒေသခံတောင်သူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပေါင်မြို့နယ်တွင် ဆောင်းသီးနှံနေကြာလျာထားချက် ကျော်လွန်အောင်မြင်ဖြစ်ထွန်းစိုက်ပျိုးနိုင်ရန်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူနည်းပညာပေးရေးလုပ်ငန်များဆောင်ရွက်ပေးခြင်း၊ တောင်သူအချို့အနေဖြင့်လည်း မနှစ်ကစိုက်ပျိုးခဲ့သည့်အတွေအကြုံနှင့် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
ပေါင်မြို့နယ်တွင် ဆောင်းသီနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသည့်နေကြာများ တစ်ဧကချင်းစီအလိုက် အထွက်နှုန်းကောင်းစေရန်၊အရည်အသွေးကောင်းနေကြာများထွက်ရှိစေရန်၊မြေယာပြုပြင်ခြင်းလုပ်ငန်းများ၊ မြေဩဇာအသုံးပြုနည်းများ၊ ပိုးသတ်ဆေးအသုံးပြုနည်းများ၊ရေအသုံးချမှုဆိုင်ရာများ၊ နေကြာမျိုးကောင်းမျိုးသန့် ရွေးချယ်နည်းများနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment