Pages

Pages

ကွန်ဟိန်းမြို့၌ အမျိုးသမီးအိမ်တွင်းမှု အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ




ကွန်ဟိန်း မတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ  စစ်ဗျူဟာ(အခြေချ) ကွန်ဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်မှ သင်တန်းဆင်းပွဲ အမှာစကား ပြောကြားခဲ့ပြီး  အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း၊ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမြတ်ထွေးမှ သင်တန်းဆိုင်ရာ အချက်အလက်များ၊ သင်ကြားခဲ့သည့် သင်ခန်းစာများအား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက် ထူးချွန်ဆုရရှိသော သင်တန်းသူများကို တာဝန်ရှိသူများမှဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။

ထိုနောက် သင်တန်းဆင်း လက်မှတ်များကို သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆန်းမှ  ပေးအပ်ခဲ့ပြီး သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်‌ပြောကြားခဲ့ပါသည်။

ယင်းနောက် တက်ရောက်လာသူများမှ သင်တန်းတွင် ခေတ်မီဒီဇိုင်းလက်ရာများနှင့် Handmade ပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ)ကွန်ဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ သင်တန်းကျောင်းအုပ်နှင့် နည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment