ဂွမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာ ဘာသာရပ်အား အေးချမ်းစွာဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာ ဘာသာရပ်အား အေးချမ်းစွာဖြေဆို

 



ဂွ မတ် ၁၃

၂၀၂၄ ခုနှစ်၊  တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံတစ်ဝန်းလုံး၌ ဖြေဆိုလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ  စာစစ်ဌာန(၃)ခုတွင် သင်္ချာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ဂွမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (ဂွ)၌ (ဂွ) စာစစ်ဌာန၊ အခြေခံပညာအလယ်တန်းကျောင်း(မြို့သစ်) ၌ ဆပ်သွားစာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း(ကျိန္တလီ)၌   ကျိန္တလီစာစစ်ဌာနများရှိ တက္ကသိုလ်ဝင်စာမေးပွဲသို့ သင်္ချာဘာသာရပ်အား လာရောက်ဖြေဆိုသူ  အတွင်းဖြေ ကျောင်းသား/ ကျောင်းသူ (၃၅၃)ဦးနှင့် အပြင်ဖြေ ကျောင်းသူ (၉)ဦး စုစုပေါင်း(၃၆၂)ဦးရှိပြီး ပျက်ကွက်ဦးရေမှာ  အတွင်းဖြေ ကျောင်းသား/ ကျောင်းသူ (၇)ဦးနှင့် အပြင်ဖြေ ကျောင်းသူ (၁)ဦး စုစုပေါင်း(၈)ဦးဖြစ်ကြောင်း၊ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  စာမေးပွဲကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ကြီးကြပ်ရေးတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်း သားကျောင်းသူများ အေးချမ်း စွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)