Pages

Pages

ရွှေတောင်မြို့နယ်အတွင်း ကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစေရေး ရှောင်တခင်စစ်ဆေး






MNP ၊    မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ရွှေတောင်မြို့မစျေးအတွင်းတွင် ယမန်နေ့ နံနက် ပိုင်းက ပြည်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဦးစီးဌာန ( FDA) ခရိုင်ဦးစီးမှူး ဦးအောင်လှိုင်ဝင်းနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ ဆေးပစ္စည်းအရောင်းဆိုင်များ၊ ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။

           အဆိုပါ ကွင်းဆင်း စစ်ဆေးရာတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ         ဦးဟံဝင်းအောင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဦးစီးဌာန ( FDA) ခရိုင်ဦးစီးမှူး ဦးအောင်လှိုင်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဦးအောင်ရဲထိုက်နှင့် ဝန်ထမ်းများ၊မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးကိုကိုကြီးနှင့် ဝန်ထမ်းများ၊ ရွှေတောင်မြို့မရဲစခန်း ဒုရဲအုပ် ခိုင်ဇင်သက်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဥ်ယဥ်ဆင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့  ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်း နှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment