အမ်း - မတ် ၁၉
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ လူငယ်အသိပညာပေး
ဟောပြောပွဲ၊စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့်နံရံကပ်စာစောင်ပြပွဲကို ယ နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဦးစီးအ ရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူလူ ငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တများဘက် စုံဖွံ့ ဖြိုးတိုးတက်စေရန် ကျောင်း၊ရပ်ကွက်/ ကျေးရွာတို့၌ အခါအခွင့်သင့် ၍ ပြောဆိုခွင့်ကြုံလာပါက ပြောတတ်ဆိုတတ်စေရန်ယခုလို စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများကျင်းပ ပေးခြင်းဖြစ်ကြောင်းနှင့်စာပေဆိုင်ရာအသိပညာရရှိမည့်အကြောင်းအရာများအားပြောကြားပြီးဒို့ကျေးရွာဂျာနယ်ပါဆောင်းပါးရှင်မောင်မောင်မြင့်သိန်း ရေး သားသည့် ခန့်မှန်းရခက်သောအနာဂတ်ကို နိုင်နှင်းအောင်ဆောင်ရွက်နေသော လူငယ်များဆောင်းပါးပါအကြောင်းအ ရာများအား မြို့နယ်ဦးစီးအရာရှိဆွေး နွေးရာတွင်ယနေ့လူငယ်များသည် အနာ ဂတ်မှာ နိုင်ငံ တော်နှင့် ကုမ္ပဏီများရဲ့အောင် မြင်မှုဟာ ယနေ့လူငယ်များအပေါ် မှာ မူတည်လျက်ရှိပါကြောင်း၊ လူငယ်တွေ ယနေ့အချိန်ထိ အသုံးပြုလျက်ရှိတဲ့ သမာရိုးကျခွဲခြမ်း စိတ်ဖြာပြီး တွေးခေါ်ခြင်းအပေါ်မှာ မှီခိုမနေတော့ပဲ ဆန်သစ်ဖန်တီးမှုနဲ့လိုက် လျောညီထွေ တွေးခေါ်ခြင်းအ ပေါ်မှာ မှီခိုနေမှာဖြစ်ပါကြောင်းပြောင်းလဲလိုက်ခြင်းဟာ ကုမ္ပဏီများနဲ့ လူတွေရဲ့ လုပ်ငန်း ဆောင်တာတွေအပေါ် ကြီးမားတဲ့ဂယက် ရိုက်ခတ်မှုတွေဖြစ်လာမှာဖြစ် ကြောင်း၊ ကမ္ဘာကြီးမှာတစ်နိုင်ငံနဲ့ တစ်နိုင်ငံကူး သန်း ရောင်းဝယ်ရေးပြုလုပ်ရကြောင်း၊ အသိ ပညာတွေဖလှယ်လာကြ ဒါကြောင့် ဘွဲ့ရလူငယ်တွေဟာ တခြာနိုင်ငံတွေမှာ အံဝင် ခွင်ကျအလုပ်လုပ်နိုင်ဖို့ အသိပညာတွေ ဆည်းပူးပြီး သူတို့ရဲ့အနာဂတ်အတွက် ပြင်ဆင်လာကြရမှာဖြစ်ပါကြောင်းအနာ ဂတ်မှာ ကုမ္ပဏီများရဲ့အောင်မြင်မှုဟာ လူငယ်လုပ်သားများအပေါ် ၌တည်မှီလျက် ရှိပါကြောင်းတို့ကိုရှင်းလင်းဆွေး နွေးပြောကြားခဲ့သည်။
ယင်းနောက် စာပေချစ်မြတ်နိုးသူ (Book Club)အဖွဲ့ဝင် မောင်မျိုးဝေ၊ မမိုးမိုးဝင်း၊ မချိုချိုသန်း၊ မခင်သီတာဝင်းနှင့် တက်ရောက်လာသူများက ဆောင်းပ ါးပါအကြောင်းအရာများမှသိရှိလိုသည့်မေးမြန်းချက်များအား ဦးစီးအရာ ရှိ ဦးစန်းဝင်းက ဖြေ ကြားဆွေးနွေး ခဲ့သည်။
ထို့နောက်နံရံကပ်စာ စောင်ပြပွဲအားဆက် လက်ကျင်းပခဲ့ရာ ဦးစီးအရာရှိဦးစန်းဝင်းက ပူြပင်းသောနွေရာသီကိုရောက်ရှိလာပြီဖြစ်၍ မီးဘေး နှင့်အယ်နီ
ညိုရာသီဥတုများဖြစ်ပေါ်လာပါကရှောင် ရန် ဆောင်ရန်အချက်များနှင့်အသိပညာ ပေးနံရံကပ်စာ စောင် ပါအကြောင်းအရာများအားစာပေမြတ်နိုး သူ လူငယ်များအားရှင်းလင်းပြောကြားခဲ့ရာ စိတ်ပါဝင် စားစွာလေ့ လာ ကြည့်ရှုကြခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment