Pages

Pages

သန်လျင်မြို့နယ်၊ မင်္ဂလွန်းကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


နေပြည်တော်၊ မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မင်္ဂလွန်းကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဘဝနာရာမ ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုး အကြောရောဂါ၊ ကလေးရောဂါ၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ဒေသခံပြည်သူ ၁၃၈ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး သည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သန်လျင်တပ်နယ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment