Pages

Pages

ရွှေကျင်မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဆွေးနွေးပွဲကျင်းပ


ရွှေကျင် မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယမန်နေ့နနံနက် ၉ နာရီအချိန်က ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင်‌ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်တင်တင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့‌ကြောင်းသိရသည်။

ဆက်လက်၍ သွားနှင့်ခံတွင်းကျန်းမား‌ရေး ဦးစီးအရာရှိ ဒေါက်တာခင်ငြိမ်းခန့်က ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာအကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် ဆွေးနွေးပွဲအစီအစဥ်ကျင်းပခဲ့သည်။

 အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၅၄) ကျောင်းမှ ဆရာ/ဆရာမ (၁၀၈) ဦးတက်ရောက်ကြကာသင်တန်းနည်းပြ (၂) ဦးက (၂) ရက်တာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment