Pages

Pages

အာဆီယံ-ရီရတ်ဒ် ကော်မတီ၏ ၂၀၂၄ ခုနှစ်အတွက် ပထမအကြိမ်အစည်းအဝေးသို့ ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်




ရီရတ်ဒ်၊ မတ် ၁၁

အာဆီယံ-ရီရတ်ဒ် ကော်မတီ၏ ၂၀၂၄ ခုနှစ် အတွက် ပထမအကြိမ် အစည်းအဝေး (The 1st Meeting of the ASEAN Riyadh Committee -ARC) ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့၊  ၁၀၀၀ နာရီတွင် အင်ဒိုနီးရှားနိုင်ငံသံရုံး၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဦးတင်ယု ပါဝင်တက်ရောက်ခဲ့သည်။ 

အစည်းအဝေးတွင် ဦးစွာ အာဆီယံ-ရီရတ်ဒ် ကော်မတီ (ARC) ၏ ၂၀၂၃ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြန်လည် သုံးသပ်ဆွေးနွေးခဲ့ကြပြီး၊ ဆက်လက်၍ ၂၀၂၄ ခုနှစ်အတွင်း ARC မှ အကောင်အထည်ဖေါ် ဆောင်ရွက်ရန် စီစဉ်ထားသည့် ဆော်ဒီအာရေဗျတက္ကသိုလ် ကျောင်းသားကျောင်းသူများအကြား အာဆီယံနိုင်ငံများအကြောင်း အသိပညာနှင့် စိတ်ဝင်စားမှု ပိုမိုမြင့်မားလာစေရေးအတွက် ဆွေးနွေးပွဲတစ်ရပ် ကျင်းပရေး၊ အာဆီယံနိုင်ငံ သံအမတ်ကြီးများနှင့် ဆော်ဒီအာရေဗျ ကုန်သည်များနှင့် ကူးသန်းရောင်းဝယ်ရေး အသင်းတို့အကြား ဆွေးနွေးပွဲတစ်ရပ် ကျင်းပရေး၊ (၅၇)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပရေး၊ ASEAN Bazaar ၊ Amazing ASEAN ဈေးပွဲတော်၊ အာဆီယံသံရုံး မိသားစုများအားကစားပွဲတော်နှင့် ASEAN Family Day စသည့် လှုပ်ရှားဆောင်ရွက်မှုများ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


#News

No comments:

Post a Comment