Pages

Pages

သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်








ရန်ကုန်၊ မတ် ၉

သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူပြီးနောက် လစ်လပ်နေသည့် ဥက္ကဋ္ဌနေရာတွင် လက်ရှိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသကို ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နေ့လည်ပိုင်းအစည်းအဝေးတွင် မဟနဥက္ကဋ္ဌ ရွေးချယ်ရေးကော်မရှင်အဖွဲ့  ဖွဲ့စည်းကာ ထိုကော်မရှင်က အဆိုပြုရန်ဖိတ်ခေါ်၍ မဟနဥက္ကဋ္ဌ ဆရာတော်အဖြစ် သန်လျင်မင်းကျောင်းဆရာတော်အား ပန်းဘဲတန်းသိမ်တော်ကြီးကျောင်း ဗဟိုဝန်ဆောင်ဆရာတော်၏ အဆိုပြုချက်ကို စစ်ကိုင်း၊ ပဲခူး၊ ရခိုင် ဗဟိုဝန်ဆောင်ဆရာတော်များကထောက်ခံဆွေးနွေးကာ ဗဟိုဝန်ဆောင်ဆရာတော်အားလုံးက ထောက်ခံအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အကျိုးတော်ဆောင်နေရာအတွက် မစိုးရိမ်တိုက်သစ် နာယက ဗဟိုဝန်ဆောင် ဘဒ္ဒန္တဝါသေဌာဘိဝံသအား အကျိုးတော်ဆောင်အဖြစ် ဥက္ကဋ္ဌ ဆရာတော်က ရွေးချယ်အဆိုတင်ချက်ကို ရွှေဘိုဆရာတော်က ထောက်ခံဆွေးနွေး အတည်ပြုချက်ရယူကာ ရွေးချယ်ရေးကော်မရှင် ဥက္ကဋ္ဌ ဆရာတော်ကကျေးဇူးတင်ဝမ်းမြောက်စကားမိန့်ကြားကာ ဒုတိယနေ့ နေ့လယ်ပိုင်း အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment