ကျောက်ပန်းတောင်း မတ်၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲများကို ယနေ့နံနက်(၉)နာရီက လွတ်လပ်ရေးရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် စံပြရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောက်ခန်းမတွင် ကျင်းပသည့် မူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင်ပညာရေးမှူး ဦးခင်မောင်သန်းက တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ စကားဝါခန်းမတွင် ပြုလုပ်သည့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းတွင် Grade+12 မှ ဘာသာရပ် ဆိုင်ရာ သင်တန်းတက်ရောက်ခဲ့ပြီး ပြန်လည်ဦးဆောင်ဆွေးနွေးနိုင်မည့် ဆရာ/ဆရာမများမှ သင်တန်း နည်းပြများအဖြစ်တာဝန်ယူ၍ အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့်တို့တွင် ဘာသာရပ်အလိုက် လိုအပ်မည့် သင်ထောက်ကူပစ္စည်းများကို အသုံးချ၍ ကျောင်းသား/ကျောင်းသူ ကလေးငယ်များ သင်ကြား/သင်ယူမှု စွမ်းရည်နှင့်နှင့် နားလည်နိုင်စွမ်း မြင့်မားအောင်မည်ကဲ့သို့ သင်ကြားပေးမည်ကို သင်တန်းနည်းပြနှင့် သင်တန်းသား ဆရာ/ဆရာမများက ဝိုင်းဝန်းဆွေးနွေး၊ အဖြေရှာခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ စွမ်းရည်မြှင့်သင်တန်းသို့ အခြေခံပညာအလယ်တန်းဆင့်သင်တန်းသား ဆရာ/ဆရာမ ၅၅၀ ဦးနှင့် မူလတန်းဆင့်တွင် ဆရာ/ဆရာမ ၁၃၃၄ ဦးတက်ရောက်ကြောင်း သိရပြီး၊ သင်တန်းကာလမှာ မတ်(၂၅)မှ မတ်(၃၀)ရက်နေ့အထိ နေ့စဉ်နံနက်(၉) နာရီမှ ညနေ(၄) နာရီအထိ ဖြစ်ကြောင်းသိရသည်။
နေအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment