Pages

Pages

ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်





ဂွ    မတ်  ၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာဖတ်ရှုမှုများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်‌ရေး အဖြစ်  ယနေ့  နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး  နယ်လှည့် စာကြည့်တိုက်ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြ‌သည်။

ထိုသို့ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ရာတွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းနှင့် ဝန်ထမ်းများက စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားပြီး  စာဖတ်သည့်အလေ့ အကျင့်ရရှိရေး၊ စာပေလေ့လာဖတ်ရှုမှုများတိုးပွားစေရေးအတွက် မြို့နယ်ထွေ/အုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သမဦးစီးဌာန၊ အမှတ်(၈၅)သစ်စက်တို့ရှိ စာပေချစ်မြတ်နိုးသူများအား သုတ/ရသစာအုပ်(၁၅၀)ကျော် အားငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စာအုပ်များငှားရမ်းပေးခြင်းကို အပတ်စဥ် ကြာသာပတေးနေ့တိုင်း  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment