ပေါင် မတ် ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာ၌ တည်ထားကိုးကွယ်ထားသော ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတာ်မြတ်ကြီးတွင် ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် နှစ်စဉ်တပေါင်းလပြည့်နေ့ရောက်တိုင်း မြို့နယ်အတွင်းရှိဒေသခံပြည်သူများမှာ ဘုရားကျောင်းကန်များ၌ ဘာဝနာတရားပွားများခြင်း၊ ကုသိုလ်ပြုခြင်း၊ စားသောက်ဖွယ်ရာမျိုးစုံတို့ကို စေတနာထက်သန်စွာ စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းတို့ကို အေးချမ်းပျော်ရွှင်စွာပြုလုပ်လေ့ရှိကြသည်။
အဆိုပါနေ့တွင် ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများက ပန်း ရေချမ်း ဆီမီးများကပ်လှူခြင်း၊ ရေသပ္ပါယ်ခြင်း ဘာဝနာတရားပွားများခြင်းတို့ကို အေးချမ်းစွာပြုလုပ်ကြပြီး စေတနာရှင်မြို့ခံအလှူရှင်များက ဘုရားဖူးလာသည့်ဧည်သည်များအား စေတနာထက်သန်စွာဖြင့် မွန်ရိုးရာအစားအသောက်များဖြင့်
စတုဒီသာများ ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost


No comments:
Post a Comment