Pages

Pages

၁၃၈၅ ခုနှစ် တပေါင်းလပြည့်နေ့တွင် ပလောက်မြို့ လာဘမာရ်အောင်သုခအေးစေတီတော်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ



ပလောက် မတ် ၂၆

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့ ညပိုင်းတွင် ပလောက်မြို့၊ အနောက်ကမ်းရှိ (လာဘမာရ်အောင်သုခအေးစေတီတော်)၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပလောက်မြို့ရှိ ပြည်သူများအနေဖြင့် မြို့ကျက်သရေစေတီတော်သို့ လာရောက်၍ ပန်း၊ ဆီမီး၊ အမွေးနံ့သားများဖြင့် ပူဇော်ခြင်း၊ ရေချမ်းကပ်လှူခြင်း၊ အပန်းဖြေ အနားယူခြင်းများဖြင့် စည်းကားလျက်ရှိပြီး၊ စေတနာရှင် ပြည်သူများနှင့် လာဘမာရ်အောင်သုခအေးစေတီတော်ရှိ ဒါယကာ၊ ဒါယိကာမများကလည်း ဘုရားဖူး ပြည်သူများအား စတုဒိသာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။


နှင်းမြူလွင်(ပလောက်)

https://t.me/MyanmarNationalPost 

No comments:

Post a Comment